Family's favourite

အိမ်မှာ မကြာခဏ လုပ်စားဖြစ်တဲ့ အမယ်လေးတွေပါ....
Breakfast အဖြစ်စားလို့ရသလို  နေ့ခင်း အဆာပြေအနေနဲ့လည်း စားလို့ရပါတယ်...
တချို့  အမယ်လေးတွေကတော့ အချိုပွဲ အဖြစ်သုံးဆောင်လို့ရပါတယ်......။



ပူရီ     ( ၁၄ ခု စာ)

ပူရီ dough အတွက် လိုအပ်သော ingredient များ...
plain flour   250 g
sugar          1 tbs
salt              1/4 tsp
Baking powder   1 tsp
Gee butter   1 tbs
water          120 ml
Oil (vegetable oil or peanut oil)  for deep frying

Dough 
ဂျုံ ၊ ဆား ၊ baking powder ကိုရောပြီးဇလုံတလုံးထဲသို့ ဇကာ စစ်ချပါ။ သကြားရောပါ။
gee ထောပတ် ရောပါ။ လက်ဖြင့် သမသွားအောင် မွှေပါ။
ရေ ကို နည်းနည်းချင်း ထည့်မွှေပါ (တခါတည်းအကုန် မထည့်မိပါစေနှင့်)
ဂျုံလုံး ဖြစ်လာသည်အထိ လက်ဖြင့် သေချာနယ်ပါ။
ဂျုံလုံးကို ဇလုံထဲမှ ထုတ်ယူပြီး ဂျုံအနည်းငယ်ဖြူးထားသော မျက်နှာပြင်ပေါ်တွင်
ထား၍ လက်ဖနောင့်ဖြင့်ထိုးနယ်ပါ။ဂျုံသား ပျော့ပျောင်း နူးညံ့ ပြောင်ချောလာသည်အထိ လက်ဖနောင့်ဖြင့်ထိုးနယ်ပါ။
လိုအပ်လျင် ရေကို နဲနဲ ချင်းထည့် ပြီး နယ်ပေးပါ။ပြောင်ချောသည့်အနေအထားကိုရောက်ရပါမည်။
ဂျုံသားကို အလုံးပုံစံ လုပ်ပြီး ဇလုံထဲသို့ပြန်ထည့်ပါ။
ရေကိုခြောက်အောင်ညှစ်ထားသော အ၀တ်ဖြင့် ဂျုံသားပေါ်တွင်အုပ်ပြီး နာရီဝက်ခန့် နှပ်ထားပါ။


နာရီဝက်ခန့် နှပ်ပြီးလျင်.. ဂျုံလုံးကို အရှည်ပုံစံ လက်ဖြင့်လှိမ့်ပြီး ၃၀ g ခန့်စီ ဖြတ်ပါ။
ဖြတ်ထားသော ဂျုံသားလေးများကို လက်ဖ၀ါးပေါ်တင်ပြီး ပုံတွင်ပြထားသည့်အတိုင်း အလုံးလေးများဖြစ်အောင် လုံးပါ။
ထိုအလုံးလေးများကို ဂျုံအနည်းငယ်ဖြူးထားသည့် မျက်နှာပြင်ပေါ်တင်၍ အပြားဝိုင်းပုံစံရစေရန် ဒလိမ့်တုံးဖြင့် လှိမ့်ပါ။(ဒလိမ့်တုံးကိုလည်း ဂျုံမှုန့်အနည်းငယ်သုတ်ထားပါ)



ရရှိလာသော ဂျုံပြားဝိုင်းလေးများကို ဂျုံ အနည်းငယ်ဖြူးထားသည့် ဘန်းတချပ်ထဲတွင် စီထည့်ထားပါ။စီထည့်ထားသော    ဂျုံပြားဝိုင်းများပေါ်တွင်လည်း ဂျုံမှုန့် အနည်းငယ်ဖြူးပေးပါ။
(တခုနှင့်တခု မကပ်စေရန်)။


ကြော်မည့်ဒယ်အိုးထဲသို့ ဆီကို ထည့်ပြီး high heat ဖြင့် မီးဖိုပေါ်တင်ပါ။ ဆီများ တော်တော်လေး အငွေ့ ထွက်လာပြီဆိုလျင် မီးကို medium သို့လျော့ပြီး ဂျုံပြားဝိုင်းလေးများကို တချပ်ချင်းထည့်ပါ။ ဆီထဲတွင်ရှိနေသော ပူရီ ချပ်ကလေးကို ကြော်သည့်ဇွန်းပြားလေးဖြင့် ၃ ချက်/ ၄ချက်လောက်ဖိပေးပါ။ ပူရီလေး ဖေါင်းတက်လာပါလိမ့်မည်။မျက်နှာပြင်ရွှေညိုရောင်ရစေရန် မုန့်မျက်နှာပြင်ကို ဆီပက်ပေးပါ။ တဖက်သို့ လှန်ပြီး ရွှေညိုရောင်ရစေရန် ဆီပက်ပေးပါ။




ရရှိလာသော ပူရီလေးများကို paper Towel ခင်းထားသောဇကာ  တချပ်ထဲတွင်ထားပြီး ဆီစစ်တားပါ။ဆီစစ်သွားပြီဆိုလျင်  အာလူးဟင်း ၊ ပူဒီနံ အချဉ်တို့ ဖြင့် တွဲဖက်သုံးဆောင်နိုင်ပါပြီ။


အကယ်၍ အာလူးဟင်းနဲ့ တွဲဖက်စားရတာ မကြိုက်ရင်တော့ သကြားလေးဖြူးပြီးစားလို့ရပါတယ်နော်....
Enjoy !!!!!!

ပူရီနှင့် တွဲဖက်စားရန် အာလူးဟင်း


အာလူး                    ၆ လုံး  (အလုံးကြီး)
(တလုံးကို ၈ စိပ်ရအောင်စိပ်ထားပါ)
(အာလူးကိုဆားအနည်းငယ်နှင့်နယ်ထားပါ)
ကြက်သွန်နီ ဥကြီး     ၁ လုံး
( ၆ စိပ် စိပ်ထားပါ)
ကြက်သွန်ဖြူ            ၁ မွှာ ( မထည့်လျင်လည်းရသည်)
(ဓါးပြားရိုက်ထားပါ)              
နနွင်း                     အနည်းငယ်
ဆား                       အနည်းငယ်
မဆလာ                  ၁ Tsp
ဇီယာစေ့                 အနည်းငယ် ( မထည့်လျင်လည်းရသည်)
မုန်ညှင်းစေ့              အနည်းငယ်( မထည့်လျင်လည်းရသည်)
ပျင်းတော်သိမ်ရွက်    အနည်းငယ်
မြေပဲဆီ                  ၆ Tbs
ရေ                         ၃၀၀ ml

ဒယ်အိုးထဲတွင် ဆီထည့်ပြီး ပူအောင်တည်ထားပါ။ ဆီကျက်ပြီး ပူလာပြီဆိုလျင် နနွင်းထည့်ပါ။(ဇီယာစေ့ ၊ မုန်ညှင်းစေ့ တို့ကို ကြိုက်နှစ်သက်ပါက ထည့်ပါ)။ ကြက်သွန်နီ ထည့်ပြီးဆီသပ်ပါ။ ကြက်သွန်နွမ်းလာလျင် အာလူးထည့်မွှေပါ။အရသာ အချို အငံ မိမိနှစ်သက်သလိုထည့်ပါ။ (အာလူးတွင် ဆားနယ်ထားသောကြောင့် အငံကို သတိထားပြီးထည့်ပါ)။အာလူးတုံးလေးများ မျက်နှာပြင်တင်းလာပြီဆိုလျင် ရေ ထည့်ပါ။ အဖုံးအုပ်ပြီး ဆူအောင်တည်ပါ။မီးမပြင်းစေရန် သတိပြုပါ။ ဟင်းဆူလာလျင် အာလူးတုံးကလေးကို ဇွန်းဖြင့် ထိုးကြည့်ပါ။ မိမိ နှစ်သက်သည့် အပျော့ အမာ အနေအထားအရ ရေကို လိုအပ်သလို ထပ်ထည့်ပါ။ မီးဖိုပေါ်မှ အိုးချခါနီးတွင် မဆလာ ဖြူးပါ။ ပျင်းတော်သိမ်ရွက်အုပ်ပါ။ အိုးအဖုံးကိုပိတ်ပြီး အိုးကိုဖြေးဖြေးလှုပ်ပေးပါ။မီးဖိုပေါ်ခဏပြန်တင်ပါ။ ဟင်းအနှစ် ပျစ်လာလျင် မီးဖိုပေါ်မှ ချနိုင်ပါပြီ။



ပူရီနှင့် တွဲဖက်စားရန် အာလူးဟင်း






                                                                      
ပုဒီနံ အချဉ်

ကြက်သွန်နီ ဥကြီး      ၂ လုံး  (ပါးပါးလှီးထားပါ)
သံပုရာသီး                ၁ လုံး  (အရည်ညှစ်ထားပါ)
ပူဒီနံ                        မိမိလိုအပ်သလို (ပါးပါးလှီးထားပါ)
ငရုပ်သီးစိမ်း              မိမိလိုအပ်သလို (ပါးပါးလှီးထားပါ)
အချို အငံ

အားလုံးကိုသမသွားအောင် လက်ဖြင့်ဖွဖွလေးနယ်ပါ။
သုံးဆောင်ရန် အဆင်သင့်ပါ....  Enjoy !!!!!!



ဂျုံကြမ်း ပူရီ ( Whole Wheat Puri ) ( ၉  ခု သို့မဟုတ် ၁၀ ခု စာ)


အပေါ်မှာ ရေးခဲ့ တဲ့ ပူရီထက် အချိန်ကုန်သက်သာစေပါတယ် ..။
ပါဝင်တဲ့ အမယ် ကလဲ ဂျူံကြမ်း ရယ် ၊ ရေ ရယ်  ဆီ ရယ်ဘဲ လိုအပ်တာပါ။
အကြာကြီး နှပ်ထားစရာမလိုဘဲ မသုံးဆောင်ခင် ၁၅ မိနစ်လောက်ပဲ ကြိုတင်ပြုလုပ်ထားရုံပါဘဲ ..။


ဂျူံကြမ်း ( Whole Wheat flour)        1 Cup
ရေနွေး ( နွေးတယ် ဆိုရုံလေး)           1/2 Cup
ဆီ (ဟင်းရွက်ဆီ)                           လက်မှာ သုပ်လိမ်းရန် အနည်းငယ်
ကြော်ရန် ဆီ ( ထောပတ်နံ့ ကြိုက်နှစ်သက်ပါက ဂီး ထောပတ် ကို ကြော်ရန်ဆီ ထဲမှာ အနည်းငယ် ရောထည့် နိုင်ပါတယ် )


သန့်ရှင်းသော ဇလုံ တလုံး အတွင်းမှာ ဂျူံ ကိုထည့်ပါ။ ရေ ကို နဲနဲချင်း ထည့်ပြီး စေးပိုင်လာသည် အထိ နယ်ပါ။


မိမိ နယ်နေသော လက်တွင် ဆီအနည်းငယ် သုပ်လိမ်းပြီး ဂျုံသားကို ဇလုံထဲမှ ထုတ်ယူကာ ဂျုံအနည်းငယ်ဖြူးထားသော မျက်နှာပြင်ညီတွင်တင် ၍ လက်ဖနောင့်ဖြင့်ထိုးနယ်ပါ။ဂျုံသား ပျော့ပျောင်း နူးညံ့ ပြောင်ချောလာသည်အထိ လက်ဖနောင့်ဖြင့်ထိုးနယ်ပါ။ ဂျုံသားကို အလုံးပုံစံ လုပ်ပြီး ဇလုံထဲသို့ပြန်ထည့်ပါ။
ရေကိုခြောက်အောင်ညှစ်ထားသော အ၀တ်ဖြင့် ဂျုံသားပေါ်တွင်အုပ်ပြီး ၁၀ မိနစ်ခန့် နှပ်ထားပါ။


၁၀ မိနစ်ခန့် နှပ်ပြီးလျင်( စားခါနီးတွင်).. ဂျုံလုံးကို အရှည်ပုံစံ လက်ဖြင့်လှိမ့်ပြီး ၃၀ g ခန့်စီ ဖြတ်ပါ။
ဖြတ်ထားသော ဂျုံသားလေးများကို ဆီသုပ်လိမ်းထားသော လက်ဖ၀ါးပေါ်တင်ပြီး ပုံတွင်ပြထားသည့်အတိုင်း အလုံးလေးများဖြစ်အောင် လုံးပါ။ထိုအလုံးလေးများကို ဂျုံအနည်းငယ်ဖြူးထားသည့် မျက်နှာပြင်ပေါ်တင်၍ အပြားဝိုင်းပုံစံရစေရန် ဒလိမ့်တုံးဖြင့် လှိမ့်ပါ။


ရရှိလာသော ဂျုံပြားဝိုင်းလေးများကို ဂျုံ အနည်းငယ်ဖြူးထားသည့် ဘန်းတချပ်ထဲတွင် စီထည့်ထားပါ။စီထည့်ထားသော    ဂျုံပြားဝိုင်းများပေါ်တွင်လည်း ဂျုံမှုန့် အနည်းငယ်ဖြူးပေးပါ။
(တခုနှင့်တခု မကပ်စေရန်)။
ကြော်မည့်ဒယ်အိုးထဲသို့ ဆီကို ထည့်ပြီး high heat ဖြင့် မီးဖိုပေါ်တင်ပါ။ ဆီများ တော်တော်လေး အငွေ့ ထွက်လာပြီဆိုလျင် မီးကို medium သို့လျော့ပြီး ဂျုံပြားဝိုင်းလေးများကို တချပ်ချင်းထည့်ပါ။ ဆီထဲတွင်ရှိနေသော ပူရီ ချပ်ကလေးကို ကြော်သည့်ဇွန်းပြားလေးဖြင့် ၃ ချက်/ ၄ချက်လောက်ဖိပေးပါ။ ပူရီလေး ဖေါင်းတက်လာပါလိမ့်မည်။မျက်နှာပြင်ရွှေညိုရောင်ရစေရန် မုန့်မျက်နှာပြင်ကို ဆီပက်ပေးပါ။ တဖက်သို့ လှန်ပြီး ရွှေညိုရောင်ရစေရန် ဆီပက်ပေးပါ။



ရရှိလာသော ပူရီလေးများကို paper Towel ခင်းထားသောဇကာ  တချပ်ထဲတွင်ထားပြီး ဆီစစ်တားပါ။ဆီစစ်သွားပြီဆိုလျင်  အာလူးဟင်း ၊ ပူဒီနံ အချဉ်တို့ ဖြင့် တွဲဖက်သုံးဆောင်နိုင်ပါပြီ။



ပေါက်စီ

ပေါက်စီကို မလုပ်တတ်ခင်တုံးကတော့ ၀ယ်စားဖြစ်ပါတယ်.. မကြာခဏတော့မဟုတ်ပါဘူး။
ဒါပေမဲ့ ညီမလေးချောစု နဲ့ facebook ကနေ ခင်မင်ခွင့်ရခဲ့တဲ့ ညီမလေးတယောက်(ညီမလေး ချိုဝတ်ရည်) က ပေါက်စီလုပ်နည်းပြောပြလို့ စမ်းလုပ်ကြည့်ရင်း  တတ်သွားတယ်ဆိုပါစို့... ။ ဒီတခေါက် အပါအ၀င် ဆိုရင် (၇) ခေါက်မြောက် လုပ်တာပေါ့။ ကိုယ်တိုင်လုပ်တော့ အထဲမှာ ထည့်တဲ့ အဆာ လည်းများများစားရတယ်... သန့်သန့် ရှင်းရှင်းလည်း စားရတာပေါ့လေ..။ လုပ်တတ်သွားတော့လည်း မကြာခဏ လုပ်စားဖြစ်သွားတယ်... တအိမ်သားလုံးကြိုက်ကြတယ်လေ....။



ပေါက်စီ အတွက် လိုအပ်တဲ့ အမယ်လေးတွေကတော့ ........
Hong Kong Pau flour       250 g
Baking powder                1 Tsp
Sugar                              2 Tbs
Dry yeast                         1.5 Tsp
Oil or shortnning             1 Tbs
Water                              100 - 120 ml

ဂျုံ ၊ baking powder ကို ဇလုံတလုံး ထဲသို့ ဇကာစစ်ချပါ။ သကြားထည့်ပါ။ Yeast ထည့်ပါ။ oil (or) shortnning ထည့်ပါ။ သေသေချာချာ သမသွားအောင် လက်ဖြင့်မွှေပါ။ ရေ ကို နည်းနည်းချင်း ထည့် မွှေပါ။ (ရေ ကို တခါတည်း အကုန်မထည့် လိုက်ပါနှင့်) ။ ဂျုံလုံး ပုစံ ရအောင်နယ်ပါ။ဂျုံလုံး ပုစံ ရလာပြီဆိုလျင်  ဂျုံလုံးကို ဇလုံလဲမှ ထုတ်ယူပြီး ဂျုံအနည်းငယ်ဖြူးထားသော မျက်နှာပြင်ပေါ်တွင်ထား၍ လက်ဖနောင့်ဖြင့်ထိုးနယ်ပါ။
ဂျုံသား ပျော့ပျောင်း နူးညံ့ ပြောင်ချောလာသည်အထိ လက်ဖနောင့်ဖြင့်ထိုးနယ်ပါ။
လိုအပ်လျင် ရေကို နဲနဲ ချင်းထည့် ပြီး နယ်ပေးပါ။ ဂျုံသား နူးညံ့နေရပါမည်။ဂျုံသားကို အလုံးပုံစံ လုပ်ပြီး ဇလုံထဲသို့ပြန်ထည့်ပါ။ ဇလုံပေါ်မှာ plastic အုပ်ပြီး နွေးသောနေရာတွင် ၁ နာရီ ခန့် ထားပါ။




၁ နာရီ ကြာအောင် နှပ်ထားတဲ့အချိန် မှာ ပေါက်စီ ထဲထည့်မဲ့ အဆာကို လုပ်ထားပါမယ်....

လိုအပ်တာတွေကတော့ .......

ဝက်သား မိုးခိုသား               ၃၅၀ g ( ညက်နေအောင် နုတ်နုတ်စင်းထားပါ)
( ၀က်သား မစားသူတွေ အတွက်တော့ ကြက်သားကို သုံးပါ)
ဂေါ်ဘီ ထုပ်                         ၄ ရွက် ( ရိတ်ရိတ် လှီးထားပါ )
ကြက်သွန်မိတ်                     ၃ ပင်  ( ရိတ်ရိတ် လှီးထားပါ )
ရှီတာကဲ မှိုခြောက်               ၂ ပွင့်   (ရေ စိမ်ပြီးပျော့လာလျင် နုတ်နုတ်လှီးထားပါ)
တရုတ်ဝက်အူချောင်း            ၅ လက်မ အရွယ် ၁ချောင်း  ( နုတ်နုတ်လှီးထားပါ )
ခရုဆီ                                 ၁ Tbs
နှမ်းဆီ                                ၁ Tbs
Garlic salt powder               အပေါ့ အငံ နှစ်သက်သလို
(Garlic salt powder မရှိပါက ကြက်သွန်ဖြူကြော် နှင့် ဆားကိုရောကြိတ်လျင် ရပါသည်)




အားလုံးကို ဇလုံတခုထဲတွင်ထည့်၍ သေသေချာချာ သမသွားအောင် နယ်ပါ။






ဘဲဥ ၂ လုံးကို ပြုတ်ပြီး အခွံခွာ ၊ အစိပ်လေးများစိပ်ထားပါ။


အဆာတွေ လည်း အဆင်သင့်ဖြစ်ပြီ  ... ၁ နာရီလည်းပြည့်သွားပြီ ဆိုရင်တော့.. ပေါက်စီ လုံးဖို့ လုပ်ကြပါမယ်.....

ဂျုံလုံး size  ၂ ဆဖြစ်သွားပြီဆိုလျင် ဇလုံထဲမှထုတ်ယူပြီး ဂျုံအနည်းငယ်ဖြူးထားသော မျက်နှာပြင်ပေါ်တွင်တင် ကာ ၃ မိနစ်ခန့် ပြန်နယ်ပါမယ် ။ ဂျုံသားကို အရှည်ပုံစံ လက်ဖြင့်လှိမ့်ပြီး ၄၅ g ခန့်စီ ဖြတ်ပါ။ အလုံးလေးများပြုလုပ်ပါ။ ထိုအလုံးလေးများကို လက်ဖြင့် (သို့) ဒလိမ့်တုံးဖြင့်  အ၀ိုင်းပြား ပုစံ ရအောင် လုပ်ပါ။

အ၀ိုင်းပြား ပုစံ ရလျင် အဆာ ဖြည့်ပါမယ်။
ဂျုံပြားကို လက်ဖ၀ါး ပေါ်တင်ပြီး ဂျုံပြားအလည်တွင် အဆာကို စားပွဲတင်ဇွန်း ၁ဇွန်းခွဲ ခန့် ထည့် ၊ ဘေးတွင် ဘဲဥ တစိပ်ကိုထည့်ပါ။
(အောက်ပုံတွင် ပြထားသည့်အတိုင်း)



ဂျုံပြားရဲ့အနားလေးများကို စုယူပြီး လိမ်လိုက်ပါ။ ပေါက်စီ လုံးကလေးရဲ့ အောက်မှာ အသင့် ညှပ်ထားတဲ့ ဆီစိမ်စက္ကူ နဲ့ ကပ်ပါ။ရရှိလာသော ပေါက်စီ လုံးများကို လက်သုတ်ပုဝါခင်းထားသော ပေါင်းအိုးထဲသို့စီထည့်ပါ။
တလုံးနှင့်တလုံး ၁ လက်မ ခန့်ခြားပြီးစီပါ။ (ပေါက်စီပွလာပါက တလုံးနှင့်တလုံး မကပ်စေရန်) ။
အိုးအဖုံးမှချွေးများ ပေါက်စီပေါ်သို့ မကျစေရန်အဖုံးကို လက်သုတ်ပုဝါ ဖြင့် ပတ်ပြီးမှ ဖုံးပါ။
20 -25 mins ပေါင်းပါ။  
          
ပူပူနွေးနွေး သုံးဆောင်နိုင်ပါပြီ...
Enjoy !!!!


ဖက်ထုပ် အိုးကပ် ( Gyoza)

ဒီ ဖက်ထုပ်အိုးကပ် အမယ်လေးကို တအိမ်သားလုံးကြိုက်ကြပါတယ်..။ တခါယူ တလုပ်စာ ဆိုတော့ တော်တော်များများလုပ်ရပါတယ်.. ။ အခုတော့ ၂ ယောက်စာ အခု ၂၀ အတွက် ပေါ့..။

လိုအပ်တာတွေကတော့ .......  ဖက်ထုပ် အရွက် အခု ( ၂၀ ) အတွက်...

ပုဇွန် (medium size)    ၅ ကောင် ( သို့ ) ၇ ကောင်
( နုတ်နုတ်စင်းထားပါ)
မုန်လာဥနီ                   ၁ ချောင်း
( နုတ်နုတ်စင်းထားပါ)
ဝုဆိုင်                         ၄ ပင် ခန့်
( နုတ်နုတ်စင်းထားပါ)
ကြက်ဥ အကာ             တလုံးစာရဲ့ တ၀က်
ဆား                           သင့်သလို
ငရုပ်ကောင်းမှုန့်           သင့်သလို
နှမ်းဆီ                         ၁ tsp

နုတ်နုတ်စင်းထားသော ပုဇွန် ၊ မုန်လာဥနီ ၊ ၀ုဆိုင် တို့ကို ကြက်ဥ အကာ ၊ ဆား၊ ငရုပ်ကောင်းမှုန့် ၊ နှမ်းဆီ တို့ဖြင့် သေချာ သမအောင် ရောနယ်ပါ။
ဖက်ထုပ်ရွက် ရဲ့ အလယ်မှာ နယ်ထားတဲ့ အသားကို 1.5 Tsp ထည့်ပြီး လခြမ်းပုံစံ ခေါက်လိုက်ပါ။



အနားလေးများကို ဖြေးဖြေးချင်း လိပ်ပါ။ အကယ်၍ လိပ်ရတာ အချိန်ကုန်တယ်လို့ယူဆရင်တော့ပုံမှာပြထားတဲ့အတိုင်း ဖက်ထုပ်ခေါက်တဲ့ ခွက်လေးကိုအသုံးပြုလို့ရပါတယ်။


ဖက်ထုပ်ပ်အိုးကပ်လုပ်ရန် လိုအပ်သည်များ.....

ကြက်ပြုတ်ရည် (သို့) ရေ    ဟင်းချက်ဇွန်းကြီး တဇွန်း
နှမ်းဆီ                             ကြော်မည့်အိုးတွင် အနည်းငယ်သုတ်ထားပါ။
ပဲငံပြာရည် အကြည်           ၁ Tbs
ကော်မှုန့်                         ၁ Tsb
နှမ်းဆီမှလွဲ၍ အားလုံးကိုရော ဖျော်ထားပါ။

ဖက်ထုပ်ရွက်အားလုံး  အဆာဖြည့်ပြီးပြီဆိုရင် နှမ်းဆီပါးပါးသုတ်ထားတဲ့ ဒယ်အိုးပြန့်ပြန့် ထဲမှာ စီထည့်ပါ။
မီးအပူချိန်ကို medium heat ဖြင့်တည်ပါ။  အိုးထဲမှ ဖက်ထုပ်လေးများ တကျစ်ကျစ် အသံမြည် လာပြီးအညိုရောင် ရရင် တဖက်သို့လှန်ပါ။  နှစ်ဘက်လုံး အညိုရောင်ရပြီ ဆိုလျင် ဖျော်ထားသော ကြက်ပြုတ်ရည် (သို့) ရေ ကိုထည့်ပါ။
အထက်အောက်လှန်ပေးပါ။အဖုံးဖုံးပြီး ခဏထားပါ။ ရေခမ်းလျင် အိုးချလို့ရပါပြီ။


 ပူပူနွေးနွေး သုံးဆောင်ရန်အသင့်ပါ။


ငရုပ်သီးခြောက်ကြော် ၊ ချင်း (ဂျင်း) sauce တို့နဲ့ တွဲဖက် သုံးဆောင်နိုင်ပါတယ်.......။

Enjoy !!!!!!


နို့မလိုင်


Fresh milk               ၁ ပိဿာ(မလိုင်လုံး လုပ်ရန်)  
Fresh milk               ၅၀ သား ( မလိုင်လုံး စိမ်ရန်) ..
သကြား                   ၁.၅ ခွက်
ရေ                         ၄.၅ ခွက်
ရှာလကာရည်  (သို့) သံပုရာ ရည်      ၂ Tbs

Pressure cooker အိုးထဲသို့ သကြားနှင့် ရေကိုထည့်ပြီးဆူအောင်တည်ပါ။ အိုးဆူလျင် မီးဖိုပေါ်မှချထားပါ။
မလိုင်လုံးစိမ်ရန် နို့ ၅၀ သားကို မလိုင်တက်ပြီး ပြစ်လာသည်အထိကြိုထားပါ။

နွားနို့ ၁ ပိဿာ ကို မီးအေးအေးဖြင့် ဆူလာသည်အထိကြိုပါ။ ၅ မိနစ်ခန့် ပွက်ပွက်ဆူနေပါစေ။ နို့အိုးဆူနေချိန်တွင် နို့များဝေမကြစေရန် ဂရုပြုပါ။အိုးမကပ်စေရန် သစ်သားရောင်းမဖြင့်မကြာခဏမွှေပေးပါ။
နို့အိုးတော်တော်လေးဆူလာချိန်တွင် ရှာလကာရည်  (သို့) သံပုရာ ရည် ကို တဇွန်းချင်းထည့်ပါ။ တဇွန်းထဲ့ တခါမွှေပါ။
တဖြေးဖြေးနို့ရည်များကြဲလာပြီး နို့အဖတ်ကလေးများကွဲလာပါလိမ့်မည်။နို့ရည် အဖြူရောင်မှတဆင့် အစိမ်းနုရောင် အရည်ကြည် သို့ ပြောင်းပြီး နို့ဖတ်အဖြူရောင်များတက်လာပါလိမ့်မည်။


ထိုအနေအထားတွင် အိုးကိုမီးဖိုပေါ်မှချပါ။ဇကာ တခုတွင်အ၀တ်ပါးတခုခံပြီး နို့ရည်ကြည်များကိုစစ်ထုတ်လိုက်ပါ။
ရှာလကာရည်  (သို့) သံပုရာ ရည်အနံ့များပျောက်စေရန် အ၀တ်ခံလျက် ရေဆေးချပါ။ အ၀တ်ပါးထဲတွင်ရှိနေသော နို့ခဲဖတ်များ ထဲမှ အရည်များ မကျန်စေရန် အ၀တ်စ ၏ အနားများကို စုကိုင်ပြီး ညှစ်ပါ။


ရေကုန်သွားပြီဆိုလျင်  အ၀တ်ပါးထဲမှ နို့ခဲ ကို ဘန်းတခုထဲသို့ထည့်ပြီး လက်ဖြင့်သေသေချာချာ ဖိနယ်ပေးပါ။
ခြေထားသောနို့ခဲအနည်းငယ်ကို ယူ၍ လက်ညှိုး နှင့်လက်မကြားတွင်ထည့်ပြီးလုံးကြည်လို့ အလုံးပုံစံရပြီဆိုလျင်မိမိ စိတ်ကြိုက် အနေအထား အတိုင်း အလုံးလေးများပြုပါ။


တခေါက်ဆူထားပြီးဖြစ်တဲ့ pressure cooker ကို အဖုံးဖွင့်ပြီးဆူအောင်ပြန်တည်ပါ။ ဆူလာလျင် နို့ခဲအလုံးလေးများကို ထည့်ပါ။မိမိ လုံးထားတဲ့ size ပေါ်မူတည်ပြီး အလုံးအရည်အတွက်ကို သတိပြုပြီးထည့်ပါ။( မလိုင်လုံး၏ size မှာ ၂ ဆကြီးလာမှာဖြစ်သောကြောင့်) ။ အိုးသေးလျင် ၂ ကြိမ် ခွဲတည်ပါ။ အဖုံးလုံအောင် သေချာဖုံးပြီး ၁၀ မိနစ် တည်ပါ။
၁၀ မိနစ်ခန့်အကြာ pressure cooker အသံမြည်ပြီး တော်တော်လေးဆူလာလျင် အိုးကိုမီးဖိုပေါ်မှချပါ။အဖုံးဖွင့်ပြီး မလိုင်လုံးလေးများကိုဆယ်ယူပါ။အိုးထဲမှဆယ်ယူလျင် သကြားရည်ကိုပါ ပါအောင်ခပ်ယူပါ။ bowl တလုံးထဲတွင် ထည့်ပါ။
သကြားရည်ထဲတွင်ရှိနေသော မလိုင်လုံးလေးများကိုတလုံးချင်းစီဆယ်ယူပြီးသကြားရည်များထွက်စေရန်
လက်နှင့်အသာဖိပါ။
(သကြားရည်အကုန်ထွက်စရာမလိုပါ၊ အချိုပေါ့ရန်အတွက်သာ။အကယ်၍အချိုကြိုက်ပါက သကြားရည်စစ်ရန်မလိုပါ)။  ပိုသော သကြားရည်ကို နို့ခဲလက်ကျန်ရှိနေသေးလျင် ပြန်သုံး၍ရပါသည်။
သကြားရည်စစ်ပြီးသားမလိုင်လုံးလေးများကို မလိုင်လုံးစိမ်ရန် ဆူအောင်တည်ထားသော နို့အိုးထဲသို့ထည့်ပြီး ဆူအောင်ပြန်တည်ပါ။ (နို့များ မလိုင်လုံးအတွင်းဝင်စေရန်)။ အိုးဆူလာလျင်မီးဖိုပေါ်မှချထားပါ။




ရရှိလာသော နို့ရည်စိမ်ထားသည့် မလိုင်လုံးလေးများကို ပူပူနွေးနွး ဒါမှမဟုတ် ရေခဲသေတ္တာ ထဲထည့်ပြီးအေးအေးလေးသုံးဆောင်နိုင်ပါတယ်။ တကယ်လို့ အီအီမွှေးမွှေးလေး စားချင်တယ်ဆိုရင်တော့ အဲဒီအိုးထဲကို rose water တစက်နှစ်စက်နဲ့ almond nuts လေးတွေကိုပါးပါးလှီးပြီးထည့်ကြိုနိုင်ပါတယ်....

Enjoy !!!!!!!!


ဆီထမင်း



ဆီထမင်းထိုးရန်အတွက် လိုအပ်တာတွေကတော့ .....



ကောက်ညှင်းဆန်                      ၂ ခွက်ခွဲ
ရေ                                          ၃ ခွက်
ဆား                                       ၁ Tsp
ဂျင်း                                        ၁ ပြား (ပါးပါးလှီးပါ)
ကြက်သွန်နီ                              ၅ ဥ (ပါးပါးလှီးထားပါ)  (ဆီထမင်းနှင့် တွဲဖက်စားရန်)
ပုဇွန်ခြောက်                             ၁၀ သားခန့် ( ကြိတ်ထားပါ)(ဆီထမင်းနှင့် တွဲဖက်စားရန်)
ဆီ                                          ဟင်းချက်ဇွန်းကြီး  ၄ ဇွန်း
နနွင်း                                       ၁.၅ Tsp

ကောက်ညှင်းဆန်ကိုရေဆေးထားပါ။
ဒယ်အိုးတလုံးတွင် ဆီကို ကျက်နေအောင်တည်ပါ။ ဆီပူလာလျင် နနွင်း နှင့် ပါးပါးလှီးထားသောကြက်သွန်များကို
( ၁ Tbs  စာချန်ပြီး) ဆီသပ်ပါ။
ကြက်သွန်ဖတ်လေးများရွှေညိုရောင်သမ်းလာလျင် ကြက်သွန်ဖတ်လေးများကိုဆယ်ယူပြီး ဆီစစ်ထားပါ။
ဒယ်အိုးထဲရှိ ဆီများထဲမှ ဟင်းချက်ဇွန်း ၂ ဇွန်းစာကိုဖယ်ထုတ်ပြီး အိုးထဲမှ လက်ကျန်ဆီနဲ့  ၁ Tbs ကြက်သွန်တို့ကို ဆီသပ်ပါ။ ဂျင်း ထည့်ပါ။ ရနံ့မွှေးလာလျင် ရေဆေးထားသော ကောက်ညှင်းကို ထည့်ပါ။ ဆားထည့်ပါ။ သေသေချာချာ သမအောင်မွှေပါ။
သေချာသမသွားပြီဆိုလျင် ရေထည့်ပါ။ မီးကို mediumနှင့် low ကြား မှာထားပါ။ ၃ မိနစ်ခန့် အဖုံး အုပ်ထားပါ။ ကောက်ညှင်းဆန်များအားလုံးရေစုပ်သွားပြီး အိုးထဲတွင် ရေမကျန် တော့ချိန်တွင် အဆက်မပြတ် ၃ မိနစ်ခန့် မွှေပေးပါ။
မီးအေးအေးဖြင့် ခဏပြန်အဖုံးဖုံးထားပါ။ ဆန်လုံးထဲတွင် အဆံ မကျန်တော့လျင် တဖက်သို့လှန်ပါ။ (ဆန်လုံးထဲတွင် အဆံ ကျန်နေသေးပါက ရေ အနည်းငယ်တောက်ပေးပြီး အဖုံးပြန်အုပ်ထားပါ)။






မျက်နှာပြင်နှစ်ဘက်လုံး ချိုး (ဂျိုး) ရစေရန် အိုးထဲ၌ တဖက်လျင် ၅ မိနစ်ခန့် ထားပြီး ပုံစံမပျက် တဖက်စီလှန်ပေးပါ။

ကောက်ညှင်းဆန်လေးများလဲ အိပြီး ချိုးရနံ့ လေးလည်းမွှေးလာလျင် ပန်းကန်ပြား တချပ်ထဲသို့ ပုံစံမပျက်ထည့်ပါ။

အသင့်ကြော်ထားသော ကြက်သွန်ကြော် ၊ ကြိတ်ထားသော ပုဇွန်ခြောက် ၊ ငါးရံ့ ခြောက် မီးဖုတ် မွှေးမွှေးလေးများနဲ့ တွဲဖက်သုံးဆောင်နိုင်ပါတယ်....။

 Enjoy !!!!!


ဆီချက်ခေါက်ဆွဲ

ဆီချက်ခေါက်ဆွဲ ကလည်းခဏ ခဏ လုပ်စားဖြစ်တဲ့ အမယ်ပါဘဲ...
လုပ်ရတာလည်းလွယ်တယ်.. စားရတာလည်းမြိန်တယ်လေ...

ဆီချက်လုပ်ဖို့ လိုအပ်တာတွေကတော့.....

ဝက်သား (ပေါင်သား)         ၅၀ သား
အနောက်ရည်                   ဟင်းချက်ဇွန်းကြီး ၂ ဇွန်း
ဆား                                အနည်းငယ်
ရေ                                  ၁ လီတာ

အားလုံးကို အိုးတလုံးတွင်ထည့်ပြီး ၀က်သားနူးအိသည်အထိ ပြုတ်ပါ။ ရေ မခမ်းသွားစေရန် သတိပြုပါ။
ဝက်သား နူးအိသွားပြီဆိုလျင် အိုးထဲမှ ၀က်သားကိုဆယ်ယူပြီး ကပ်နေသောဝက်ဆီဖတ်များကို ဖယ်ထုတ်ပြစ်ထိုက်ပါ။
ဝက်သားများကို အသားနွှင်ပြီးနုတ်နုတ်စင်းထားပါ။ ဒယ်အိုးထဲတွင် ရှိသော ၀က်သားပြူတ်ရည်ကို လည်းပန်းကန်တလုံးထဲသို့ လှယ်ထားပါ။

ကြက်သွန်ဖြူကြော်           ၃ Tbs  ( ရွရွ လေးထောင်းထားပါ)
ကြက်သွန်မြိတ်                ၃ ပင်   (ရိတ်ရိတ်လှီးထားပါ)
Flat Noodle                   ၁ ကဒ်


ခေါက်ဆွဲကို စားခါနီးမှပြူတ်ပါမယ်။






နောက်ထပ် ၀က်သား (ပေါင်သား)     ၃၀ သားခန့် (အတုံးခပ်သေးသေးလှီးပြီး ဒယ်အိုးပူပူမှာ ၀က်ဆီများ
ထွက်လာအောင် လှိမ့်ပါ။ ၀က်ဆီများထွက်လာပြီး ၀က်သားများခြောက်ပြီးလိပ်လာပါက ဆယ်ထုတ်ထားပါ။
ဝက်သားမှထွက်လာသော အဆီများကိုလည်း ပန်းကန်တလုံးထဲသို့ လှယ်ထားပါ)။






( ဒီ ၀က်သားကြော်လေးနဲ့ တွဲစားကြည့်  ...  အရသာ ရှိမှရှိ )


ကဲ ... အားလုံး ready ပါ.....
 ခေါက်ဆွဲကို ရေနွေးဆူဆူမှာ ၅ မိနစ်လောက်ပြူတ်ပါ။ ( ခေါက်ဆွဲ အပြော့ အမာ ကိုယ်နှစ်သက်သလို)
ရေစစ်ပါ။
ပြူတ်ပြီးသားခေါက်ဆွဲကို bowl တလုံးထဲထည့် ။
ဝက်သား ကြော်ထားတဲ့ဆီကို  3 Tbs ( မိမိကြိုက်နှစ်သက်သလို) ထည့်ပါ။
နုတ်နုတ်စင်းထားတဲ့ အသားကို တ၀က်ထည့်ပါ။
ဝက်သားပြုတ်ထားတဲ့ အရည်ကို ဟင်းချက်ဇွန်းကြီး တဇွန်း ( မိမိ နှစ်သက်သလို) ထည့်ပါ။
ထောင်းထားတဲ့ ကြက်သွန်ဖြူကြော် မွမွလေးတွေ   ထည့်ပါ၊ (အနည်းငယ်ချန်ထားပါ)
အားလုံးသမသွားအောင် ဖွဖွလေးနယ်ပါ။ အချို အငံ မိမိနှစ်သက်သလိုလည့်ပါ။
နယ်ပြီးသားခေါက်ဆွဲကို မိမိတည်ခင်းမည့် ပန်းကန်သို့ ပြောင်းထည့်ပြီး ချန်ထားသောကြက်သွန်ကြော်ထောင်းကိုဖြူးပါ။
နုတ်နုတ်စင်းထားသော အသားတ၀က်ကိုဖြူးပါ။
နောက်ဆုံး ရိတ်ရိတ်လှီးထားသော ကြက်သွန်မြိတ်ကိုဖြူးပါ။



ဝက်သားကြော်ရွရွ လေးရယ်.... ဟင်းရည်ပူပူလေးရယ်နဲ့ တွဲဖက်သုံးဆောင်နိုင်ပါပြီ.....။

Enjoy !!!!

မုန်လာဥ ကိတ်



Dimsum ဆိုင်တော်တော်များများမှာ ရနိုင်တဲ့ အမယ်တမျိုးပါ။
အားလုံး ကြိုက်ကြမှာပါ။
လုပ်ရတာလည်းတော်တ်ာလေးလွယ်ပါတယ်....။

လိုအပ်တာတွေကတော့...
မုန်လာဥ ဖြူ               ၆၀၀ g ( ခြစ်ပြီးသား)
ဆန်မှုန့်                     ၃၀၀ g
ကောက်ညှင်းမှုန့်         ၃ Tbs
Potato starch            ၁ Tbs
ရေ                           ၃၀၀ ml
ဆား                         အနည်းငယ်
တရုတ်ဝက်အူချောင်း     ၁ ချောင်း ( စဉ်းထားပါ)
ရှီတာကဲ မှို                  ၂ ပွင့် (ရေစိမ်ပြီး ပါးပါးလှီးထားပါ)
ပုဇွန်ခြောက်                ၂ Tbs (ရေစိမ်ပြီး ပါးပါးလှီးထားပါ)
ဝက်သား (ပေါင်သား)   ၂၀ သားခန့် (တောက်တောက်စဉ်းထားပါ)
(၀က်သားမထည့်ချင်လည်းရပါတယ်)
ပြောင်းမှုန့်                  မုန့်နဲ့လူးပြီးကြော်ရန်
ငရုပ်ကောင်းမှုန့်          သင့်သလို
အချိုအငံ                    သင့်သလို




ရေ ၊ ဆန်မှုန့် ၊ ကောက်ညင်းမှုန့် ၊ potato starch ၊ ဆား အနည်းငယ်တို့ကို အားလုံးရောပြီးဖျော်ထားပါ။




ဒယ်အိုးတလုံးတွင် ဆီ ကို အပူပေးပြီး ဆီပုလာလျင် စဉ်းထားသော ၀က်အူချောင်း ၊ ပုဇွန်ခြောက် ၊ မှို ၊ (၀က်သား) တို့ကို ထည့်မွှေပါ။ အချိုအငံ ၊ ငရုပ်ကောင်းမှုန့် ထည့်ပါ။ အနံ့ မွှေးလာလျင် ခြစ်ထားသော မုန်လာဥ များကို ထည့်ပြီး ပျော့အိလာသည်အထိ မွှေပေးပါ။ မုန်လာဥ လေးများ ပျော့ပြီးနူးညံ့ လာလျင် ဖျော်ထားသော မုန့်နှစ်ရည်ကိုထည့်မွှေပါ။အဆက်မပြတ်မွှေပေးပါ။ လိုအပ်လျင် ရေ နဲနဲ ထည့်ပေးပါ။ပျော့အိစေးကပ်သော အနေအထားဆိုရင်ရပါပြီ။


မိမိပေါင်းမည့်ခွက်တွင် ဆီစိမ်စက္ကူ ခင်းပြီး မုန့်နှစ်များကိုဖြန့်ထည့်ပါ။မျက်နှာပြင်ညီအောင်ညှိပါ။ပေါင်းအိုးအတွင်းထည့်၍ ၄၅ မိနစ်/ ၁ နာရီ ပေါင်းပါ။


ဝါးတုတ်တံလေးဖြင့်ထိုးကြည့်လို့ မုန့်သားကျက်ပြီဆိုလျင် ပေါင်းအိုးထဲမှ ထုတ်ယူပြီး မိနစ် ၂၀ ခန့်အအေးခံထားပါ။
အေးသွားပြီဆိုလျင် မုန့်ကိုခွက်ထဲမှမှောက်ချ ပြီး ဆီစိမ်စက္ကူ ကိုခွါပြီး မထူမပါးလှီးပါ။
ရရှိလာသော မုန့် ချပ်လေးများပေါ် သို့ ပြောင်းမှုန့်ကိုနှံ့စပ်အောင်ဖြူးပါ။(သို့) သုတ်လိမ်းပါ။(ခပ်ပါးပါး)


ဒယ်အိုးပူပူမှာ ဆီ 1 Tbs ခန့်ကိုထည့်ပြီး အပူပေးပါ။
မုန့်ချပ်လေးများကို အစီအရီ ထည့်ပြီး တဖက်စီနီရဲကြွပ်ရွလာသည်အထိ အိုးကင်းပူတိုက်ပါ။
နှစ်ဖက်လုံးအနားလေးများ ကြွပ်ကြွပ်ရွရွလေးဖြစ်လာပြီဆိုလျင် ပန်းကန်ထဲသို့ပြောင်းထည့်ပြီး  Chilli sauce ဖြင့်တွဲဖက် သုံးဆောင်နိုင်ပါပြီ....။


Enjoy!!!!


အုန်းနို့ခေါက်ဆွဲ ( ၁၅ - ၂၀ ပွဲစာ)



ဒီ အုန်းနို့ ခေါက်ဆွဲ ဟင်းရည်ကို အရည်ကျဲကျဲ ဘဲ ချက်ပါတယ်..
ကျွန်မ တို့ တမိသားစုလုံး ဟင်းရည်ပြစ်ရင် မစားတတ်ကြပါဘူး....
ဟင်းရည်ကျဲဘို့ အတွက်.. ပဲရော.. အုန်းနို့ ရော တော်တော်လေး လျော့ထားရပါတယ်..
ဒါပေမဲ့ .. အရည်ကျဲကျဲလေးနဲ့ တော်တော်လေးလည်းစားကောင်းပါတယ်...
ကောင်း မကောင်း  ..လက်တွေ့  လုပ်စားကြည့် ကြပါနော်...


ဟင်းရည်အတွက် လိုအပ်တာတွေ....

ကြက်သား           အရွယ်တော်  ၁ကောင်ခွဲ
( ခြေတောက်ရိုး၊ ပေါင်ခြံ ရိုး သပ်သပ်ဖယ်ပြီးပြုတ်ထားပါ )

အုန်းသီး              ၁ လုံး
( ခြစ်ပြီး အရည်ညှစ်ထားပါ  ။ အုန်းနို့ ဦးရည် ကိုသပ်သပ်ဖယ်ထားပါ ။ အုန်းနို့ နှောင်းရည်ကို 600 ml ရအောင်ညှစ်ပါ)။

ပဲမှူန့် အစိမ်း        ၇၅ ဂရမ်  ( ၁၅၀ ဂရမ် အထုပ်ရဲ့ တ၀က်)  
( ရေ 300 ml နဲ့ ရောပြီးဖျော်ထားပါ )
ဆား                   လိုအပ်သလို
အရသာမှူန့်         လိုအပ်သလို




ကြက်သားများကို ဆား ၊ အရသာမှုန့် ၊ ဆနွင်း တို့ဖြင့် နယ်ထားပါ။
( ငံပြာရည် ဖြင့် နယ်လျင်လည်းရပါသည် )







ဆီ ဟင်းခပ်ဇွန်းကြီး ၃ဇွန်းကို ကျက်အောင်အပူပေးပြီး ကြက်သွန် နီ ထောင်းပြီးသား 3 Tbs ၊ ကြက်သွန်ဖြူ ထောင်းပြီးသား 1Tbs ၊ ငရုပ်သီးပွခြောက် ထောင်းပြီးသား 1 Tbs တို့ဖြင့် မွှေးပြီးကြွပ်ရွ လာသည်အထိ ဆီသပ်ပါ။






နယ်ထားသော ကြက်သားများကိုထည့်ပြီး နူးအိပြီး ဆီပြန်လာအောင် ချက်ပါ။ရရှိလာသော ကြက်သားဟင်းကို ဟင်းပန်းကန် တလုံးထဲသို့ပြောင်းထည့်ထားပြီး ကြက်သားချက်ထားသော အိုးထဲသို့ ကြက်ရိုးပြုတ်ရည်  ဇလုံအလတ် ၃ ဇလုံခန့်ကိုထည့်ပါ။ ပြီးလျင် ဟင်းရည်ချက်မည့်အိုးထဲသို့ ပြောင်းထည့်ပါ။






ဟင်းရည်အိုးကို ဆူအောင်တည်ထားပါ။








ဖျော်ထားသော ပဲမှုန့် အရည်ကိုစစ်ပြီးထည့်ပါ။
အိုးကို မကြာခဏ မွှေ ပေးပါ။
( ပဲများ အနယ်ထိုင်ပြီး အိုးမကပ်စေရန် )။
ပဲရည်အိုး တော်တော်လေးဆူလာပြီး ပဲစိမ်းနံ့ ပျောက်ပြီ ဆိုလျင် အုန်းနို့ ဦးရည် ဟင်းခပ်ဇွန်းကြီး ၃ဇွန်း (သို့) ဘူးထဲမှ အုန်းနို့ 3 Tbs နှင့် အုန်းနို့ နှောင်းရည် 600 ml ကိုရောပါ။




ချက်ထားသော ကြက်သားဟင်းထဲမှ ၃ ဇွန်း(Tbs) ခန့် ကို အဆီရော အနှစ်ပါ ပါအောင်ခပ်ပြီး ပွက်ပွက်ဆူနေသော ဟင်းရည်အိုးထဲသို့ရောပါ။
အုန်းနို့ အနံ့ လေးမွှေးအီလာပြီဆိုလျင် အပြစ်အကျဲ အပေါ့ အငံ ကို မိမိကြိုက်နှစ်သက်သလိုထည့်ပါ။ ၁၀ မိနစ်ခန့် မီးအေးအေး နဲ့ ဆက်တည်ထားပါ။

မုန့်ဖတ်နဲ့ ထည့်စားမဲ့ အမယ်လေးတွေ ပြင်ဆင်ပါမယ်.....

ခေါက်ဆွဲဖတ်.....   ၁ ပိဿာ
ခေါက်ဆွဲဖတ် ကြော်ရန်  ..... ၃၀ သားခန့်
ဆီ  ...    ခပ်များများ
ဘဲဥ    .... ၄ လုံး ပြုတ်ပြီးစိတ်ထားပါ
ကြက်သွန်နီ  ... မိမိနှစ်သက်သလို (ပါးပါးလှီးထားပါ)
သံပုရာသီး   .....  မိမိ နှစ်သက်သလို
ငရုပ်လှော်မှုန့် ..... မိမိ နှစ်သက်သလို
ချက်ထားသော ကြက်သားဟင်း

ခေါက်ဆွဲဖတ်ကို ဆီပူပူ များများမှာ ရွှေညိုရောင်ရအောင် ကြော်ထားပါ။



ကဲ.... တပွဲစာ ပြင်မယ်နော်..






ကြက်သားဟင်းထဲက အဆီကိုတော့ မိမိနှစ်သက်သလိုထည့်ပေါ့နော်....


Enjoy !!!!


ဖက်ထုပ် ဆီချက် 

အလွယ်တကူ လုပ်စားလုပ်ရတဲ့ အမယ် တမျိုးပါ။ ready made ဖက်ထုပ် တွေ ရှိနေလို့က တော့ မိနစ် ၂၀ အတွင်း ပြီးစေမှာပါ ..။
မနက်စာ အနေနဲ့ စားလို့ ရသလို နေ့ခင်းအဆာပြေ လေးစားလို့လဲ အဆင်ပြေ စေပါတယ် ..။
တကူးတက ၀ယ်စားနေစရာမလိုဘဲ .. အရေးပေါ် လုပ်စားလို့ ရတဲ့ အပြင် အရသာ လဲ တကယ်ကောင်းလို့ လုပ်နည်းလေး မျှဝေ လိုက်တာပါ ..။



Ready made   ဖက်ထုပ် တော့ ၀ယ်ထားပေါ့နော် :P

လိုအပ်တာ တွေ ...
Ready made ဖက်ထုပ်   ၁၅ ခု
မညက် တညက် ထောင်းထားသော ကြက်သွန်ဖြူ    ထမင်းစားဇွန်း ၃ ဇွန်းခန့် 
ကက်သွန်ဖြူ ဆီချက်လုပ်ရန် ပဲ ဆီ                      ဟင်းချက်ဇွန်းကြီး ၂ ဇွန်းခန့်
အနောက်ရည် အပြစ်                                      စားပွဲတင်ဇွန်း ၃ ဇွန်း
အကြည်ရည်                                                စားပွဲတင်ဇွန်း ၂ ဇွန်း ၊
ရေ                                                            စားပွဲတင်ဇွန်း ၁ ဇွန်း
ကြက်သွန်နီ မြိတ်                                           ၅ ပင်ခန့်ကို ရိတ်ရိတ် လှီးထားပါ ။
( အချို ၊အငံ ကတော့ အနောက်ရည်မှာရော၊ Ready made ဖက်ထုပ်မှာရော ပါပြီးသာမို့ ထပ်မထည့်တော့ပါဘူး)
  

ready made ဖက်ထုပ် ၁၅ ခု ကို ပေါင်းအိုးနှင့် ၁၀ မိနစ် ခန့် ပေါင်းပါ ( အသားစိမ်းဆိုလျင် အထဲမှ အသားကျက်အောင် ပေါင်းပါ)။


မညက်တညက် ထောင်းထားသာ ကြက်သွန်ဖြူ ထမင်းစားဇွန်း ၃ ဇွန်းခန့် 
ကြက်သွန်ဖြူ ဆီချက်လုပ်ရန် ပဲ ဆီ ဟင်းချက်ဇွန်းကြီး ၂ ဇွန်းခန့်
( ဆနွင်းမထည့်ရ)
ကြက်သွန်ဖြူ ဆီချက်လုပ်ပြီး... ဆီသပ်သပ်၊ ကြက်သွန်ကြော်သပ်သပ် ခွဲထားပါ။
( ဆီချက်ချက်ထားသော ဒယ်အိုးကို မဆေး ပါနဲ့ဦး)


ဆီချက် ချက်ထားသော ဒယ်အိုးအလွတ်ထဲကို အနောက်ရည် အပြစ် စားပွဲတင်ဇွန်း ၃ ဇွန်း 
အကြည်ရည် စားပွဲတင်ဇွန်း ၂ ဇွန်း ၊ ရေ စားပွဲတင်ဇွန်း ၁ ဇွန်း ထည့်ပြီး အပူ ပေးပါ။
ပူလာလျင် ပန်းကန်လုံးထဲ ပြောင်းထည့်ထားပါ ။


ကြက်သွန်နီ မိတ် ကို ရိတ်ရိတ် လှီးထားပါ ။

စားခါနီး ပွဲပြင်တော့ မယ် ဆိုလျင် .. ပေါင်းထားသော ဖက်ထုပ် ကို ပန်းကန်အတွင်းထည့် ၊ အနောက်ရည် mixture ဆမ်း ၊ ဆီချက်မှ ဆီ ဆမ်း၊ ကြက်သွန် ဆီချက် ဖြူး ၊ ကြက်သွန်မိတ် ဖြူး ပြီး သုံးဆောင်နိုင်ပါပြီ ရှင့် ။
Enjoy !!!


ဝက်ခေါက်ကင် (၀က်ခေါက်ကြော်)




ဝက်သား ၃ ထပ်သား၊ ဗိုက်သားနုနု ( ၀က် အမ)  ၈၀ သား အပြား   ၁ ပြား
ရှာ လာကာ ရည်   စားပွဲတင်ဇွန်း ၂ ဇွန်း
ဆား   စားပွဲတင်ဇွန်း တ၀က်
ရေ   ၀က်သား တ၀က်မြုတ်ရုံ

ပြုလုပ်ပုံ
ဝက်သား ၃ ထပ်သား၊ ဗိုက်သားနုနု ( ၀က် အမ)  ၈၀ သား အပြား   ၁ ပြား  ကို အရိအရွဲ များ ၊ အခေါက်ပေါ်မှ အညစ်အကြေးများ ကို သေချာ သန့်ရှင်းရေး လုပ် ပြစ်ပါ။
ဒယ်အိုး တလုံး ထဲမှာ ရေထည့်၊ ဆား ၊ ရှာလကာရည်ထည့်ပါ။
အခေါက်ဖက်ကို အပေါ်ထာ့းပြီး အသားထည့်ပြီး ပထမ တခါ ဆူ ကို အဖုံး ပိတ်ပြီး တည်ပါတယ် ။
ဆူလာရင် အခေါက်ကို အောက်ဘက်ထားပြီး ၁၀ မိနစ်ခန့် ပြုတ်ပါတယ် ။ ( အဖုံးဖွင့်)
ပြီးရင် အသားဖက်ကို  ၁၀ မိနစ်ခန့် ပြုတ်ပါတယ် ။
နောက် ၅ မိနစ်ကို အခေါက် ကို အောက်ဖက်ထားပြုတ်ပါတယ်။ ( အခေါက်ကို ခက်ရင်းနဲ့ ထိုးကြည့်ရင် လွယ်ကူစွာ နစ်ဝင်နေပါပြီ)
နောက်ဆုံး ၇ မိနစ် ခန့် ကို တော့ အခေါက်ကို အပေါ်မှာ ထားပြီး ပြူတ်ပါတယ်။ ( အခေါက်က ပျော့အိ မနေဘဲ တင်းတင်း တောင့်တောင့် ရှိနေရပါတယ်။


အိုးထဲက ဆယ်ယူပြီး ဇကာ ထဲ ပြောင်းပြီး ခက်ရင်း နဲ့ နေရာအနှံ့ ထိုးပြီး ထွက်လာတဲ့ အရည်တွေကို  Kitchen towel နဲ့ သုတ်ကာ မိနစ် ၂၀ ခန့် လေသလပ် ထားပါတယ်။( အောက်ပုံ)။
ခက်ရင်း နဲ့ ထိုး တဲ့ အခါ အဆီ လွှာ ထိ မထိုးမိအောင် သတိပြုပါ။ 



ကြွေပန်းကန် or ပလက်စတစ် ဘန်း ထဲမှာ ရှာလကာရည် နဲ့ ဆား အနည်းငယ်ဖျော် ထားပါ ။( သံ  or စတီး မသုံးပါ)
လေသလပ်ထားတဲ့ ၀က်ခေါက်ပေါ် မှာ နေရာနှံ့ အောင် လက် နဲ့ သုပ် လိမ်းပါ။ 
ပြီးရင် အခေါက်ထဲ စိမ့်ဝင်စေရန် တဖပ်ဖပ် ရိုက်ပေးပါ။ 
ခြောက်သွားသည်အထိ။ 
ပြီး ရင် ဇကာ အုပ်ပြီး တည လေသလပ် ခံပါ။ 


နောက်တနေ့ မနက်တွင် အခေါက်နေရာချန် ၊ အောက်ပိုင်းကို အလူမီနီယမ် ပတ်ပြီး ၊ နပူပူမှာ နေလှန်းပါ။ ၃ ရက် ခန့် လှန်းပါ။ နေလှန်းပြီး ချက်ချင်းကြော်တာ ပိုကောင်းသည်။ 
( ပြန်သိမ်းရင် လေလုံအောင် ၊ အစိုမပြန်အောင် လုပ်ပြီး ရေခဲသေတ္တာ ထဲ ထည့်သိမ်းပါ။ )

နေပူထဲမှ ရုတ်လာသော ၀က်သားကိုကြော်တော့မယ် ဆိုလျှင် အခေါက်ဖက်တွင် ဆီ ထွက်နေပါက သုတ်ပြစ်ပြီး လက်ထဲတွင် ဆား အနည်းငယ် ယူကာ အခေါက်ပေါ်တွင် နာနာ ပွတ်တိုက် ပေးပါ။ 
ပြီးရင် ဆား များကုန်အောင် ဖယ်ထုတ်ပြစ်ပါ။ 



ပြီးရင် အောက် အသားမပြတ်အောင် အခေါက် ဘက်ကို လှီးပါ။




ကြော်မဲ့ ဒယ် ထဲမှာ  ဆီ ကို ထည့် ၊ အောက် ခံ တခု ထား ပြီး အခေါက်မြုပ် အောင် တင်ပြီး မီး အနိမ့် ဆုံး ထား တဖြေးဖြေး ဆီ အပူပေးပါ ။ အသား တုံး အခြေ မှာ ဆီပူ အမြှူပ် လေး တွေ စီ လာ ပြီး အသံ မြည် လာတာ  ၇ မိနစ်ခန့်ကြာလျှင်  ဆီ တဝက် လျော့ ၊ ။ အခံ ကို ဖယ်ပြီး ။ဆီ အပူ ဂိတ်ဆုံး တင်ပြီး အခါက် ဘက် ကိုဆီ နှစ်ပြီး ရှဲ ကနဲ ကြော်ပါ ။ 

အခေါက် ဘက်နီ လာရင် အသား ဘက်ကို ကြော်ပါ။
အခေါက် ကြွပ်တဲ့ အထိ ကြော်ပါ။ 








 လိုသလို လှီး ဖြတ်ပြီး စားသုံးနိုင်ပါပြီ ရှင်။







Enjoy !



3 comments:

  1. လာလည်သွားပြန်ပြီနော်...မချောရေ...း)

    ReplyDelete
  2. Ma , I visited ur blog. I like all ur receipe !

    ReplyDelete
  3. မမ ရေ .. အလည်ရောက်ခဲ့ပါတယ်... မမ လို မုန့် တွေလုပ်တတ်ချင်ပါတယ် ..

    ReplyDelete